Saturday, 13 September 2008

ဒဏ်ရာတွေနဲ့ခြေတစ်စုံ....

သူမနဲ့ ကျွန်တော် သူငယ်ချင်းဖြစ်တာ ကြာခဲ့ပါပြီ။ ဒါပေမဲ့ ဒီအင်တာနက် ဆိုတဲ့လမ်းမကြီး ပေါ်မှာပြန် တွေ့တာတော့ မကြာသေးပါဘူး။ ငယ်ငယ်ကျောင်းသား ဘ၀က သတိမထားမိ ခဲ့ကြပေမဲ့ ဒီလိုမိဝေး ဖဝေး ရေခြားမြေခြားအရပ်ကြီးမှာ အင်တာနက်ကြီး ကနေကျောင်းတူတူ
တက်ခဲ့ရတဲ့ သူမနဲ့ပြန် ဆုံခဲ့တယ်လေ။ နွေးထွေးတဲ့ပျော်ရွှင်မှု တွေပါတဲ့သူမရဲ့ အသံစူးစူးလေး ဟာအထီးကျန် ဆန်သော ကျွန်တော်ဘ၀ကို နွေးထွေးလန်းဆန်း ခဲ့ပါတယ်။ တစ်ပတ်မှာ တစ်ချိန်သာ တွေ့ရတဲ့အချိန် လေးဟာ ကျွန်တော်အတွက်တော့ တွယ်တာတန်ဖိုးထားမိတာ အမှန်ရိုးပါပဲ။ တစ်ယောက်နဲ့ တစ် ယောက်ရှေးဟောင်းနှောင်း ဖြစ်တွေပြောကြ၊ ကျောင်းသားဘ၀က ဟာသလေးတွေ ပြန်ပြောရင်း နဲ့ကျွန်တော်တို့ ဆုံတွေ့ချိန်လေး ဟာအမြဲလိုလို သစ်လွင်နွေးထွေးခဲ့ပါတယ်။ အတိုင်းအတာ တစ်ခု အထိသံယောဇဉ်တွယ်တာ မိတာတော့ အမှန်ပါပဲ။ သူမဘက်ကတော့ ကျွန်တော်မသိနိုင်ဘူးလေ။ မှတ်မှတ်ရရပါပဲဗျာ။ အဲဒီနေ့က အခန်းထဲစိုက်ထားတဲ့ပိန်းပင်လေးက အပွင့်လေးပွင့်လို့။ သူမနဲ့အ ပြင်မှာသာ တွေ့ရင်ဘာပန်းတွေ လက်ဆောင်ပေးရင် ကောင်းမလဲလို့ စိတ်ကူးတွေတောင်ယဉ်မိ နေသေးတယ်။ ကွန်ပျူတာပေါ်မှာ သူမ ရောက်ရှိပြီဖြစ်ကြောင်း အချက်ပြ အရောင်လေးက
မငြီးမ ငွေ့ စောင့်ဆိုင်းနေမိတယ်။ သူမရောက်လာ တော့သူမပြောတယ်။ ကျောင်းတုန်းက သူငယ်ချင်း တွေနဲ့တွေ့တော့ နင်အကြောင်း ပြောမိကြသေးတယ်။ သူတို့နင့်ကိုပြောကြတယ် သိလားဟာ။ နင်စိတ်မကောင်း မဖြစ်ပါနဲ့နော်။ ငါ့သူငယ်ချင်းက ပြောတယ်သိလား။ ကျောင်းတုန်းက ကျောင်းလာ ရင်ဖိနပ်တောင် မစီိးနိုင်တဲ့အကောင်ကိုများနင်ကရေးကြီးခွင် ကျယ်လုပ်လို့ စကားပြောနေသေး တယ်ဟာတဲ့။ ငါလည်းဘာမျှပြန် မပြောချင်တာနဲ့ ဒီအတိုင်းပဲနေလိုက်မိတယ်။ စိတ်ထဲမှာတော့ ဘယ်ကောင်းမလဲဟာ။ နင်စိတ်မကောင်း မဖြစ်ပါနဲ့ဟာ။ ငါစိတ်ထဲမှာတော နင်ကအကောင်းဆုံး သူငယ်ချင်းပါဟာ။ တစ်ပတ်မှာတစ်ခါသာ တွေ့ရတဲ့အချိန်လေးက ဒေါသစကားတွေ၊ ချေပချက်တွေနဲ့ အဆုံးမသတ်ချင်တာနဲ့ ကျွန်တော်က နင်မေ့လိုက်ပါဟာလို့ပဲ ပြောလိုက်တယ်လေ။ သူမသူငယ်ချင်းတွေ ပြောကြတာလည်း အမှန်ပါဘဲ။ ငယ်ငယ်၇တန်း၈တန်း ကျောင်းသားဘ၀အထိ ကျနော့်ခြေထောက်မှာ ရံဖန်ရံခါသာ ဖိနပ်ပါခဲ့တယ်။ သူတို့ပြောတာ မမှန်ကြောင်းလည်း မငြင်းပါဘူး။ ဒါပေမဲ့ငယ်ငယ်က ဖိနပ်မစီးနိုင်တာနဲ့ သူငယ်ချင်းပေါင်းခွင့် မရတော့ဘူးလား။ ဖိနပ်မစီးခဲ့ရတဲ့ခြေထောက် တစ်စုံရဲ့ နောက်ကွယ်မှာ ဘာတွေရှိနေတယ်ဆိုတာ မသိပဲနဲ့ဘာလို့များ ဒီလိုပြောကြရတာလဲး။ ကျွန်တော်တို့အိမ်က မိသားစုများပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကလဲ မတိမ်းမယိမ်းတွေဘဲလေ။ ကျွန်တော်ကဒုတိယသားပါ။ အကိုကြီးရှိပေမဲ့ သူကငယ်ငယ်ကတည်းက အဖွားအိမ်မှာဘဲ နေတာလေ။ အိမ်မှာတော့ ကျနော်က အကြီးဆုံးဖြစ်နေတာပေါ့။ ကျွန်တော်တို့အိမ်မှာ ဘယ်တော့မှ အယောက်အပြည့် ဖိနပ်မရှိခဲ့ပါဘူး။ အမေ၀ယ်ရင်လည်း အကုန်စီးလို့ရတဲ့ ကြက်ပေါင်ဖိနပ်သာ ဝယ်လေ့ရှိပါတယ်။ တစ်ခါတစ်ခါ ညီမအလတ်က မတော်တရော်တွေစီးပြီး ဖျောက်ခဲ့ကျန်ခဲ့တာတွေ ရှိသေးတယ်။ တော်တော်လည်း ကျပ်တည်းဆင်းရဲခဲ့ပါတယ်။ အဖေနဲ့ အမေက မနက်အလုပ်သွားရင် အိမ်ကိစ္စအ၀၀က ကျွန်တော်ပဲလုပ်ရတာပဲလေ။ သားယောင်္ကျားလေး မွေးထားတော့ ဒီလောက်တော့လုပ်နိုင်ရမှာပေါ့ဗျာ။ ဒါပေမဲ့ကျွန်တော်မိဘတွေက ကျွန်တော်တို့ ကို တစ်ယောက်မှမကျန် ကျောင်းထားတယ်လေ။ နေ့တိုင်းကျောင်းသွားခိုင်းတယ်။ ရွာကနေ တစ်နာရီလောက် လမ်းလျှောက်သွားရတယ်။ နောက်ဆုံးအိမ်က ထွက်တဲ့သူဟာ ဖိနပ်စီးရဖို့မသေချာပါဘုး။ ကျွန်တော်အလျင်အမြန် ထွက်ရင်ရပါတယ်။ ဒါပေမဲ့ကျွန်တော်အမြဲ အိမ်ကနောက်ဆုံးမှထွက်ပါတယ်။ ကျွန်တော်အိမ်က နောက်ဆုံးကထွက်ရမယ်လို့ ဘယ်သူမှ သင်မပေးသလို သင်ပေးစရာလည်း လိုမယ်မထင်ပါဘူးဗျာ။ ဒီလောက်တော့ သားအကြီးတစ်ယောက် ကသိရမှာပေါ့။ ဒီအတွက်ကြောင့် ကျွန်တော်ဖိနပ်မစီးပဲနဲ့ ကျောင်းသွားတယ်။ ကျောင်းတက်တယ် ဆရာတွေသင်တာ ခိုင်းတာလုပ်တယ်လေ။ ဘယ်သူကိုမှလည်း ဘာမှလုပ်ခဲ့ပါဘူးဗျာ။ ဒီဖိနပ်မစီးနိုင်တဲ့ ခြေတစ်စုံဟာလည်း ပညာတွေသင်ယူခဲ့ပါတယ်။
သူငယ်ချင်းရေ……
တစ်ခါတစ်ခါလေ..
လူတွေကိုးကွယ်ကြတဲ့အထဲမှာ…
ဖိနပ်တစ်ရံလည်းပါတယ်ကွာ……

ကျွန်တော်သူတို့ပြောတာ ၀မ်းလည်းမနည်းသလို စိတ်လည်းမတိုပါဘူး။ ဒါပေမဲ့ဗျာ ဘာဝတ်တာကိုပဲကြည့်ပြီး သူဘာတွေလုပ်နေတယ် ဘာတွေကြောင့် ဒီလိုဖြစ်ခဲ့တယ် မသိပဲနဲ့အရမ်း မပြောသင့်ပါဘူးဗျာ။ နောက်ဆုံးတော့လည်း ဆရာတော်ဦးဇောတိက ဟောသလို သူများပါးစပ်လှုပ်သလောက် မင်းစိတ်လှုပ်ရှားနေရင် မင်းဘ၀သူ့ပါးစပ်ထဲတင် လမ်းဆုံးနေပြီတဲ့။
ဒီလိုနဲ့ပဲဖိနပ်မစီးခဲ့ရတဲ့ ခြေတစ်စုံ ဆက်လက်ခရီးဆက်ခဲ့ပါတယ်။

မှတ်ချက်။ သူငယ်ချင်းတစ်ယောက်၏ ဖြစ်ရပ်မှန်ကို ပြန်ပြီး ခံစားရေးသားပါတယ်။ သူတို့နှစ်ယောက် အခုဆို အရမ်းကိုချစ်ကြတဲ့ ချစ်သူတွေဖြစ်နေကြပြီလေ။ တစ်ယောက်ကိုတစ်ယောက် အရမ်းနားလည်ကြတဲ့ ချစ်သူတွေပါ။ ပျော်ရွှင်ကြပါစေ။ ချစ်သူတိုင်းညားကြပါစေ။

မောင်နေ

Thursday, 21 August 2008

အချစ်ဦး.........

အပြောင်းအလဲမြန်တဲ့လောကကြီးဆို
ခုချိန်ထိတိုင်
သူမဟာ ဒီရင်ခွင်ကို
အဆင်းသိအချင်းသိတစ်ယောက်လို
ခိုဝင်လှုပ်ရှားနေတုန်းပဲလေ
ထာဝရစိုးမိုးနေဆဲ
ပါးပေါ်ကအကွက်ချိုင့်ချိုင့်လေး
ထိုအပေါ်ရနံ့မွှေးမွှေးအကွက်လေး
ငါတို့တွေဝေးသွားကြတာပါ
အဆက်အသွယ်မရအောင်
ဝေးသွားတာလေ
ဝိုးတ၀ါးအနာဂတ်ကြီးကြားမှာ
တစ်နေ့များတွေ့ကြလို့
ပြုံးနိုင်ကြလေမလား
အိပ်မက်ရွက်နုလေးတွေနဲ့
အိပ်မောကြနေပါရစေ
ခဏလေး ပဲဖြစ်ပါစေ
မေ့နိုင်ပါရဲ့လား..ဟာ
ခုလို
အိမ်ထောင့်ကစံပယ်တွေ
သင်းသင်းလေးရချိန်
အထီးကျန်ငါ့အတွက်
လမင်းကြီးရေ
သူမရဲ့ဆံနွယ်စပ်ကနဖူးစစကို
အနမ်းမွှေးမွှေးလေးပေးပေးပါနော်
သူမလေ
နှစ်ခြိုက်စွာအိပ်ပျော်နေပါစေ

မောင်နေ

Thursday, 10 July 2008

လေနှင့်အတူ ခိုးထွက်မိစဉ်

လက်ဆွဲနှုတ်ဆက်မိတာ
အလွမ်းတွေပဲလားဗျာ
ခြေသံလုံလုံလေး
ရင်ထဲက အနမ်းတွေ
မင်းဆီအရောက်
ပျံသန်းခဲ့ပါရစေ
မှုန်ပြပြလေးပေမဲ့
မင်းအတွက်
အစွမ်းကုန် ထွန်းလင်းပါရစေ
ဟောဒီ ရှု့ မဆုံးတဲ့
နွေဦးလှနေပုံများ
မင်းသာအနားရှိရင်
ကဗျာတွေ သီကျူးနေမိမှာပေါ့
တစ်နဲ့သုညပဲရှိတဲ့နေ့ညတွေ
လှောင်အိမ်ထဲကတောင်ပံကျိုးငှက်တွေ
အလဲထိုးခံခဲ့ရတဲ့အနံစူးစူးလရောင်တွေ
ခံစားချက်မဲ့အေးစက်စက်မျက်ဝန်းတွေ
ချိုးကပ်နံထွက်နေတဲ့မျှော်လင့်ချက်အိပ်မက်တွေ
တိုးတိုးလေး ခိုးထွက်ပြီး
လေနှင့်အတူ
ငါ့ဝိညာဉ်လေ
မင်းရဲ့ ရင်ခွင်မှာ
တိတ်တိတ်လေး ဆိတ်ဆိတ်လေး
ဖူးပွင့်ပါရစေလား

မောင်နေ

Thursday, 26 June 2008

တာလီချိုးသံနှင့်အတူ

သြော် ဘာလိုလိုနှင့် ရုရှမှာ ပညာသင်နေရတာ ၁ နှစ်ကျော်ကျော်တောင် ကြာခဲ့ပြီလေ။ မပူရုပ်နှင့် လူလုပ်ပြခဲ့ရတဲ့ အကြိမ်တွေလည်း မနည်းတော့ပါဘူး။ ဒီ ရောက်ရင် တော့အိမ်ကို တော့ကောင်းကောင်း ထောက်ပံ့ နိုင်မှာပဲ ဆိုတဲ့ အတွေးတွေ
ကလည်း တဖြည်းဖြည်း ပျောက်ကွယ်ခဲ့သည်။ ရုရှငွေနှင့် ဒေါ်လာ ငွေ လဲလှယ်ကြေး ကွာဟလာမှု ကြောင့် ကျွှန်တော့် အတွေးတွေ လုံးပါးပါး ခဲ့လေပြီ။တ ရစ်ရစ်တက်နေတဲ့ ကုန်ဈေးနှုန်း လည်း ပါတာပေါ့။အိမ်မှာ အဖေ မရှိတော့တဲ့ နောက်ပိုင်း ကိစ္စအ၀၀ ကိုအမေပဲ တာဝန်ယူဆောက်ရွက်ခဲ့သည်။ မိန်းမ တစ်ယောက်နှင့် မတန်အောင် အမေဘယ်လောက် ကြိုးစားလုပ်ခဲ့ တယ်ဆိုတာ သားအကြီးဆုံး ဖြစ် တဲ့ ကျွှန်တော် အသိဆုံး ပေါ့ အမေ။ကျွှန်တော် ဒေါ်လာစားဖြစ်ရင် တော့အမေကို လည်းပေး မယ် ညီမလေး ကိုလည်း တက္ကသိုလ် ပို့ ပေးမယ် လို့ ဟာသလိုလို ကျွှန်တော်ပြောရင်း ပျော်ခဲ့ရတယ်လေ။ ဒါပေမဲ့ ဒီရောက်တော့ အတွေးတွေ မှန်ကန်ဖို့  အကြောင်းအရာ မရှိခဲ့ ဘူးလေ။ကြိုးစားပြီး စုခဲ့တယ်။ဒါပေမဲ့ ထင်သလောက် အိမ်ကို မထောက်ပံ့ နိုင်ခဲ့ဘူး။ အမေ လည်းအသက်ကြီးပြီ လေ။ဘယ်လိုများ အမေ ရုန်းကန်နေ ပါလိမ့်။ငါ အကြီးပဲဆို တာခေါင်းထဲမှာ အမြဲရှိ ခဲ့ပေါ့ လမ်းလျှောက်တိုင်း လမ်းမပေါက် ခဲ့ ဘူးလေ။ အေးမြလှတဲ့ ဆောင်းရာသီ တစ်ခုမှာ ကျွှန်တော် ချွေးပေါက်ပေါက် ကျပြီး မျက်ရည် တောက်တောက်ကျခဲ့ တဲ့ နေတွေရှိခဲ့တယ်လေ။ တာလီချိုးသံတွေ နှင့် အတူပေါ့။
အဲဒီနေ့ တော့မှတ်မှတ်ရရ ရှိခဲ့တယ်လေ။ ရှေ့ လဖုန်းဆက်တုန်း ကအမေ ကို ပြောခဲ့တယ် နောက်လသားအဆင်ပြေရင် ညီမလေးဖို့ ကျောင်း စ ရိတ် ပို့ ပေးမယ် လို့ပြော ခဲ့သည်။ ဒါပေမဲ့ အကြောင်းကြောင်း မစုနိုင်ခဲ့ဘူး။ ဒီအချိန်ဆို အမေအိမ် ဘေးက ဖုန်း ဆိုင်လေးမှာ ကျွှန်တော်ကို မျော်နေမှာဆို တဲ့အသိနှင့် ဖုန်းခလုတ်ကိုနိုပ်လိုက်သည်။ တန်ဖိုးတွေ အရစ်ကျပေး နေရတဲ့ အချိန်တွေ နှင့် အတူ ပြောနေရတဲ့  ဖုန်းလှိုင်းကြားမှာ အမေ နှင့်ကျွှန်တော် စကားကြောမပြတ်ခဲ့ ဘူးလေ။တ မိနစ် တခါမှတ်နေတဲ့ တာလီချိုးသံ တွေနှင့် အတူပေါ့။
အမေကပြောတယ်။ ။သားနေကောင်း အောင်နေနော်။
ကျွှန်တော်က။ ။ဟုတ်ကဲ့ အမေ။
ဒါပေမဲ့ အမေရယ် တစုံတခုတော့ သားကိုမတောင်းဆို ပါနဲ့အုံးအမေ။ ရင်ထဲမှာပြောနေခဲ့တယ်။
အမေက။ ။သား ညီမလေး ၁၀ တန်းအောင် တယ် သိလား။
ကျွှန်တော်က။ ။ဟုတ်ကဲ့ အမေ။
ဒါပေမဲ့မပြောလိုက်ပါ နဲ့အုံး အမေ။ညီမလေး တာဝန်ကျေ သလို သားလည်းတာဝန်ကျေ ရစေ မှပေါ့။ ရင်ထဲမှာ ပြောနေခဲ့တယ်။
အမေက။ ။သား ဒီမှာ ဈေးတွေ အရမ်းတက်တာပဲ။
ကျွှန်တော်က။ ။ဟုတ်ကဲ့ အမေ။ သားဂျာနယ်တွေ ထဲမှာ ဖတ်ရပါတယ်။
အမေရဲ့  စကားသံတွေ ဟာ တခါတခါ ကျွှန်တော် အတွေးတွေကြောင့် လွတ် လွတ်ခဲ့တယ်။
အမေက။ ။သား ကိုယ်ကြောင့် သူများဒုက္ခ မရောက်စေနဲ့ နော်။အစဉ်သဖြင့် ရိုးသားနော်။
ကျွှန်တော်က။ ။ဟုတ်ကဲ့ အမေ။
ရင်ထဲမှာ စကားသံ တွေ ဗလောင်စီ နေပေမဲ့ ကျွှန်တော် ပြောမထွက်ခဲ့ဘူး။ငါ သားအကြီး ဖြစ်င်္ပြီး တာဝန်မကျေဘူး။ဒါပေမဲ့ သားလေ အမေကိုလည်း ချစ်တယ်။ညီမလေး ကို လည်းအရမ်းချစ် တယ်။ဘောဂဗလ မပြည့်စုံ မှုဟာ တခါတခါ ဘ၀ ကိုမုန်းတက် စေခဲ့တယ်။ နောက်ဆုံး ဖုန်းချခံနီး ….
အမေကပြောတယ်။ ။သား ..သားဘာပြောချင်နေတယ် ဆိုတာ အမေ သိပါတယ်သား။
သား မေ့နေပြီလား.. သားရင်ထဲက နုလုံးသားထဲမှာ အမေသွေးတွေ အပြည့်စီး နေတယ် ဆိုတာကို။ အမေ ဘာမှ မလိုပါဘူး။ဘာတွေပဲဖြစ်နေ ဖြစ်နေ သား….အမေလေ..ငါ့သားကို အရမ်းချစ်တယ်။
တာလီချိုးသံက၁၀ မိနစ်ပြည့် ပြီင်္ လေ။ဖုန်းက ကျသွားခဲ့ပြီလေ။ ဒါပေမဲ့ ကျွှန်တော်နဲ့ အမေ စကားကြော မပြတ်ခဲ့ဘူးလေ။ အဲဒီ နေ့ က တိမ်တွေ ကင်းစင်နေတာတောင် မိုး တွေ ရွာချခဲ့တယ်လေ။



မောင်နေ
သားဆီက ဘာဆိုဘာမှ မမျှော်လင့်ခဲ့တဲ့ အမေတိုင်း၏ စိတ်ကို မေ့နေသော ကျွှန်တော်၏ စိတ်ကို အပြစ်တင် ရင်း ဤစာ လေးဖြင့် ရှိခိုး တောင်းပန်ပါ၏။

Wednesday, 11 June 2008

ရင်တရှိုက်

အရောင်လဲ့လဲ့တွေ
ငါ့ကိုများဖမ်းစားနိုင်သတဲ့လား
ခုတော့လည်း အခန့် သား
ကြယ်တွေလည်းတအိအိစီးဆင်း
နှုတ်ခမ်းတွေလည်းချိုပေါ့ကျဆိမ့်
ချစ်ခဲ့တဲ့ ရင်ခွင်တရှိုက်
နမ်းခဲ့တဲ့ ရင်ခွင်တရှိုက်
လွမ်းခဲ့တဲ့ ရင်ခွင်တရှိုက်
ဆေးတွေရောင်စုံဆိုးပြီး
အသက်မဲ့ခဲ့ပြီ ရင်ခွင်တရှိုက်
ခုတော့လည်း ငါအတွက်
ဟာသတရှိုက်လို့ ပေါ့
ချစ်ဦးသူရေ
သိလိုက်ပြီကွာ
ငါရင်ခွင် မသေရဲတက်သေးကြောင်း
ငါလေ ပြောခွင့်ရအုံးမယ်ဆိုရင်ပေါ့
အရောင်စုံရင်ခွင်တွေကြားမှာ
ငယ်ငယ်တုန်းက
လုပျိုလှည့် ရင်ခွင်တရှိုက်ကို
ချာချာလည်အောင်
လွမ်းနေမိပြီကွာ

မောင်နေ

Saturday, 17 May 2008

အို ..ညီမငယ်လေး...


ညီမငယ်လေး…..
………………
……………….
………………
ဆက်ရေးမရတဲ့ကဗျာတွေအတွက်ကျွန်တော်ဆိုတဲ့ ဒီကောင်ကြီးငိုတယ်ဗျာ…..
ဘေးရန်ခပ်သိမ်းကင်းကြပါစေ

Wednesday, 26 March 2008

ဝီစကီ ရေ မင်းပြောလိုက်ပါလေ......

စစ်သားတစ်ယောက်နဲ့ သူ့ ချစ်သူမိန်းကလေးအကြောင်းကို ၀ီစကီ တစ်ပုလင်းက ပြောပြခဲ့တယ်။သူတို့ တွေ အရမ်းချစ်တဲ့ချစ်သူနှစ်ဦး ဖြစ်ခဲ့ကြတယ်။သူတို့ တွေ တစ်ဘ၀လုံးအတွက် လက်တွဲခဲ့ကြတယ်။တာဝန်အလီလီကြောင့်ဝေး ခဲ့လည်း စစ်သားလေးရင်မှာ သူမအပြည့်နေရာယူထားခဲ့တယ်။သူ့ ချစ်သူကောင်မလေးကလည်း သူ့ ကိုအရမ်းချစ်ခဲ့ တယ်လေ။ခွင့်ရလို့ သူ့ ချစ်သူကောင်မလေးဆီ
ဝမ်းသာအားရ ပြန်ခဲ့တဲ့သူအတွက် ထိုအချိန်လေးက အရှည်လျားဆုံးဖြစ်ခဲ့တယ်။အိမ်ရောက်လို သူ့ ချစ်သူကောင်မလေးအသံကြားလို တံခါးဖွင့်လိုက်တဲ့အချိန်မှာတော့ သူအုံးခဲ့တဲ့ခေါင်းအုံးလေးဟာသူစိမ်းတစ်ဦးအုံး ခွင့်ရလိုက်ပြီလေ။သူ့ အမြင်အာရုံတွေ မှားယွင်းပါစေ လို့ ဆုတောင်းသံနှင့်အတူသူအဝေးကို ထွက်ပြေးခဲ့ပြီလေ။သူမလည်း နောင်တနှင့်အတူ အလျင်မြန်ဆုံး ပြေးလိုက်ခဲ့တယ်လေ။
ဒါပေမဲ့ သူတို့ တွေ ဝေးသထက်ဝေးခဲ့ကြပြီလေ။

သူ့ အသဲနုလုံးကို ၀ီစကီပုလင်းထဲ မှာမြုပ်နှံခဲ့ပြီလေ။သောက်ရင်းသောက်ပြီး သူ့ မှတ်ဥာဏ်တွေအဝေးကို လွင့်စင်စေခဲ့တယ်လေ။ဘ၀ကတိုတောင်းပေမဲ့  အဲဒီအချိန်က သူအတွက်အရှည်လျားဆုံးဖြစ်ခဲ့တယ်လေ။ဝီစကီကြောင့် ဝေးလွင့်သွားတဲ့ သူမှတ်ဥာဏ်တွေ ကပြောတယ်။ သူမကို အသက်ထက်ဆုံး ချစ်တယ်တဲ့။ လွမ်းဆွတ်မှု့ တွေနဲ့ အတူ အခြားသော ပြတင်းပေါက်အောက်မှာသူ
လှဲလျောင်းခဲ့ပြီလေ။ဝီစကီရေ မင်းသူကို ပြောပြလိုက်ပါလေ။

ဘယ်သူများသိနိုင်ခဲ့မလဲ။ထိုနေ့ ကလောင်ခဲ့တဲ့ မီးအကြောင်းကိုလေ။သူမလည်း သူချစ်သူစစ်သားလေး မရှိတော့တဲ့နောက်ပိုင်း နှစ်ပေါင်းများစွာ ကြိုးစားခဲ့တယ်လေ။သူမ အနားက၀ီစကီ ပုလင်းတွေ ပျောက်ကွယ်သွားဖို့ လေ။သို့ သော်သူမအတွက် ဘယ်တော့
မရခဲ့ဘူးလေ။ နေ့ တိုင်းညတိုင်းပေါ့။

သူ့ မအသဲနုလုံးကို ၀ီစကီပုလင်းထဲ မှာမြုပ်နှံခဲ့ပြီလေ။သောက်ရင်းသောက်ပြီး သူ့ မမှတ်ဥာဏ်တွေအဝေးကို လွင့်စင်စေခဲ့တယ်လေ။ဘ၀ကတိုတောင်းပေမဲ့  အဲဒီအချိန်က သူမအတွက်အရှည်လျားဆုံးဖြစ်ခဲ့တယ်လေ။ဝီစကီကြောင့် ဝေးလွင့်သွားတဲ့ သူမှတ်ဥာဏ်တွေ ကပြောတယ်။ သူကို အသက်ထက်ဆုံး ချစ်တယ်တဲ့။ လွမ်းဆွတ်မှု့ တွေနဲ့ အတူ အခြားသော ပြတင်းပေါက်အောက်မှာသူမ
လှဲလျောင်းခဲ့ပြီလေ။ဝီစကီရေ မင်းသူကို ပြောပြလိုက်ပါလေ။

ဘယ်သူကို အပြစ်ပြောနိုင်မှာလဲ။ အားငယ်တက်တဲ့ မိန်းကလေးကိုလား။အိမ်ထောင်တာဝန် မကျေခဲ့တဲ့ စစ်သားလေးကိုလား။သူတို့ အတွက် တိုတောင်းလှတဲ့ဘ၀ ကအရှည်လျားဆုံးဖြစ်ခဲ့တယ်လေ။သူတို့ တွေ အရမ်းချစ်တယ်ဆိုတဲ့  ၀ီစကီရဲ့ သီချင်းတစ်ပုဒ် ကတော့ သူတို့ ကိုဆုံတွေ့ စေခဲ့ပြီလား။ ၀ီစကီရေ မင်းသူတို့ ကို မပြတ်မကွက်ပြောပြလိုက်ပါလေ။


မောင်နေ
သီချင်းတစ်ပုဒ်အား မိမိခံစားမိသလောက်ရေးလိုက်ပါတယ်။သီချင်းပေးခဲ့သောသူငယ်ချင်းအားကျေးဇူးတင်ပါသည်။