အပြောင်းအလဲမြန်တဲ့လောကကြီးဆို
ခုချိန်ထိတိုင်
သူမဟာ ဒီရင်ခွင်ကို
အဆင်းသိအချင်းသိတစ်ယောက်လို
ခိုဝင်လှုပ်ရှားနေတုန်းပဲလေ
ထာဝရစိုးမိုးနေဆဲ
ပါးပေါ်ကအကွက်ချိုင့်ချိုင့်လေး
ထိုအပေါ်ရနံ့မွှေးမွှေးအကွက်လေး
ငါတို့တွေဝေးသွားကြတာပါ
အဆက်အသွယ်မရအောင်
ဝေးသွားတာလေ
ဝိုးတ၀ါးအနာဂတ်ကြီးကြားမှာ
တစ်နေ့များတွေ့ကြလို့
ပြုံးနိုင်ကြလေမလား
အိပ်မက်ရွက်နုလေးတွေနဲ့
အိပ်မောကြနေပါရစေ
ခဏလေး ပဲဖြစ်ပါစေ
မေ့နိုင်ပါရဲ့လား..ဟာ
ခုလို
အိမ်ထောင့်ကစံပယ်တွေ
သင်းသင်းလေးရချိန်
အထီးကျန်ငါ့အတွက်
လမင်းကြီးရေ
သူမရဲ့ဆံနွယ်စပ်ကနဖူးစစကို
အနမ်းမွှေးမွှေးလေးပေးပေးပါနော်
သူမလေ
နှစ်ခြိုက်စွာအိပ်ပျော်နေပါစေ
မောင်နေ
Subscribe to:
Post Comments (Atom)
6 comments:
အိပ်ပျော် မနေပဲ အိပ်ချင်ယောင် ဆောင်နေတာ
ဆိုရင်တော့ ခက်ပြီဟေ့
အချစ်ဦး ကဗျာလေး မိုက်တယ် ဆရာရေ .....
ငါတို့တွေဝေးသွားကြတာပါ
အဆက်အသွယ်မရအောင်
ဝေးသွားတာလေ...
ဟုတ်လို့လားဗျာ... အွန်လိုင်းလေးတော့ တတ်လာလောက်ပါသေးတယ်... အဟတ်ဟတ် :P
အချစ်ဦး-ကဗျာလေးကရင်ထဲကိုထိထိမိမိပါပဲ
အားပေးလျှက်
မောင်နေရေ မောင်နေရေ
:) :)
အချစ်ကဗျာလှလှလေးတွေ ရေးနေပီပေါ့
:)
Hi!Great and interesting blog you have:) Come and visit my site too. http://ads.com.mm/?cid=4fd60e65e4b0fa6db841e338&utm_campaign=ads_mm_lb_blog_martaste&utm_source=ads_lb_blog&utm_medium=lb_blog
Post a Comment