Thursday 16 August 2007

နေရိပ်..............

ဒီနေ့ လည်း ပျင်းပျင်းရှိတာနဲ့  စာဖတ်မယ် ဆိုပြီး စာကြည့်တိုက်က စာအုပ်သွား ဌားမိတယ်။ကျွှန်တော် တို့ ကျောင်းမှာ မြန်မာတွေ ထူထောင်ထား တဲ့ စာကြည့်တိုက်ငယ် လေးရှိတယ်။ကျွှန်တော် အတွက်က တော့ တကယ့်ရွှေ ပဲဗျ ။ဆရာအောင်သင်းရဲ့ အမွေ ဆိုတဲ့ စာအုပ် ဌား လာမိတယ်။ အရင်ကလည်း ဖတ်ပြီး သားပါ။ ဒါပေမဲ့  တစ်ခါ ဖတ်ရင် တစ်ခါ စဉ်းစားစရာ တွေ၊ ခံစားမှု အသစ်တွေ ပေး တက်ပါတယ်။ ဆရာ့ စာအုပ်ထဲ က စကားပုံ လေး တစ်ခု က ကျွှန်တော်ရဲ့  လွန်လေပြီးသော စာသင်ခန်း ကို ပြန်ရောက် သွားစေ ခဲ့တယ်။စကားပုံလေး ကျွှန်တော် တို့ ကြားနေ ကြ ဖြစ် တဲ့ နေရိပ် လို နေပူကစောင့် တဲ့။အဲ့ဒီ နေ့ ကဆရာမက သူတို့ ဘာသာ စကား မှာ ရှိ တဲ့ စကားပုံတွေ သင်ပေးပါ တယ်။ ပြီးတော့ ကျွှန်တော် တို့ ကို မေး တယ်။မင်းတို့နိုင်ငံ မှာကော ဘယ်လို စကားပုံ တွေ ရှိ လည်းပေါ့။ ကျွှန်တော် တို့ လည်း သိသလောက် ပြော ကြ တာပေါ့။ ကျွှန်တော့ အလှည့် လည်း ရောက်ရော ကျွှန်တော် က နေရိပ် လို နေပူကစောင့် ဆိုတာ ကိုပြောလိုက် တယ်။ ရှိသမျှ တက်သမျှ ဘာသာစကား ရှင်းပြ လိုက်တယ်။ အတန်ကြာတော့ ဆရာမကောင်း ကောင်း နားလည် သွားတယ်။ဆရာမ ခဏ စဉ်းစား ပြီး ကျွှန်တော်ကို ပြန်ပြော တယ်။
တပည့် မင်း ဘာ လို့ နေပူ ကစောင့်နေ မှာလည်း…………..
နေရိပ် ကိုမင်း ကိုယ်တိုင် ဖန်တီး ရ မှာပေါ့ တဲ့…………………
မရ ရင်တောင် မင်းတစ်ခု ခု ရ လိမ့် မယ်တဲ့………………….
ဒါပါ ပဲ။တကယ်ကို ကျွှန်တော်တို့ စောင့်ခဲ့ ကြတယ်။နေရိပ်လေးကိုပေါ့။ ကျွှန်တော် ဆရာမ ကို ပြန်ပြောချင်ပေ မဲ့ အကြောင်းကြောင်းကြောင့် ပြောခွင့် မရ ခဲ့ဘူး။ ပြောခွင့် ရခဲ့ ရင် လည်း………………………………………

မောင်နေ


6 comments:

ရွက်ဝါ said...

စကားက မဆုံးသေးဘူးထင်တယ်။ ဆက်ရေးဦးမှာလား။ စဉ်းစားရမှာလား။

ရတ်မန် said...

မကြာမှီမျှော် ရမှာလား ဘယ်လိုကြီးအဆုံးသတ်ထား မှန်းမသိဘူး

ရတ်မန် said...

မကြာမှီမျှော် ရမှာလား ဘယ်လိုကြီးအဆုံးသတ်ထား မှန်းမသိဘူး

ဘလူးဖီးနစ် - bluephoenix said...

နေရိပ်အလာကို နေပူကစောင့်ဆိုတာ နေရိပ်ကြီးကို ထိုင်စောင့်နေတာ ကိုပြောတာ ဟုတ်မယ်မထင်ပါ။ နေရိပ်ကို ရအောင် တစ်ခုခု လုပ်ရင်းနဲ့ စောင့်တာကို ပြောတယ်လို့ ထင်မိပါတယ်။ မှားချင်လဲ မှားမယ်နော်..

ဘလူးဖီးနစ် - bluephoenix said...

ဘာရယ်တော့ မဟုတ်ပါဘူးဗျာ။ မြန်မာတွေထဲမှာ အဲလို နေရိပ် အလာကို တကယ် ဘာမှ မလုပ်ပဲ ထိုင်စောင့်နေကြတာကို မြင်ဘူးလို့ပဘ။ မြန်မာ စကားပုံတွေက လဲ ဆန့်ကျင်ဘက်တွေ အများကြီးရှိတယ်လေ။ အခြေအနေနဲ့ အချိန်အခါ အရ သုံးကြရတာ မဟုတ်လား။ တကယ်က ဘယ်လိုစကားပုံကို ဘယ်လို အခြေအနေမျိုးအတွက်လို့ ပြောရင် ပိုရှင်းမယ်ထင်တယ်နော်။

ဘလူးဖီးနစ် - bluephoenix said...

အဲလိုမျိုး သင်ခန်းစာ သင်တဲ့ အခါမျိုးမှာ တခါတည်း မြန်မာ စကားပုံတွေကို ရုရှ ဘာသာနဲ့ နဲနဲချင်းရေးထားဖြစ်ရင် ကောင်းမယ်လို့ စဉ်းစားမိပါတယ်ခင်ဗျာ။