Tuesday 21 August 2007

တာလီချိုး သံနဲ့ အတူ....

တန်ဖိုးရှိတဲ့ အချိန်တွေနဲ့ 
လှုပ်ရှားတဲ့ လှိုင်းတွေကြားထဲ
အမေ နဲ့ သား
စကား မပြတ်ခဲ့ဘူး။
တာလီချိုးသံ တွေနဲ့ အတူ
အမေက…သား…
ကျန်းမာအောင် နေနော်…..
လက် တံတွေးဆွတ်သံနဲ့ အတူ
အမေက…သား…
ညီလေး ၁၀တန်း အောင်တယ်လေ…..
အဖြေ ကြိုဖြေခွင့်ရရင်ပေါ့။
ဟုတ်ကဲ့…ကြိုးစားနေပါတယ်…..
ညီလေး တာဝန်ကျေသလို
သားလည်း ကျေစေ မ ပေါ့။
ဒါပေမဲ့…မပြောလိုက်ပါနဲ့ အုံး..အမေ…
တန်ဖိုးတွက်သံ တွေနဲ့ အတူ
အမေက…သား…
ဒီမှာ ဈေးတွေ အရမ်းတက်တာပဲ…
ဟုတ်ကဲ့…သားဖတ်ရပါတယ်။
အမေ..သားကိုယုံ ပါနော်။
ဒါပေမဲ့…မပြောလိုက်ပါနဲ့ အုံး…အမေ..
တစ်ရစ်ရစ် တက်သံ တွေနဲ့ အတူ
အမေက…သား..
ကိုယ်ကြောင့် သူများဒုက္ခမရောက်စေနဲ့ နော်….
ဟုတ်ကဲ့…သားမှတ်ထား ပ မယ်…
ဒါပေမဲ့…မပြောလိုက်ပါနဲ့ အုံး…အမေ..
အလန်းပေး နာရီသံနဲ့  အတူ
သားက…အမေ….
အမေ…သား….သား….
ချစ်တယ်..အမေ…….
တန်ဖိုးရှိတဲ့ အချိန်တွေနဲ့ 
လှိုင်းတွေ ငြိမ်သက်သွားသည် အထိ
အမေနဲ့ သား
စကား မပြတ်ခဲ့ဘူး။

မောင်နေ


2 comments:

ရွက်ဝါ said...

ကဗျာလေးက ဖတ်လို့အရမ်းကောင်းတယ်။ စိတ်မကောင်းလည်း ဖြစ်မိတယ်။ ဘာကြောင့်မှန်းလည်း မသိဘူး။ စိတ်ချလက်ချ ပြောလိုက်ပါတော့ အမေ ဆိုတဲ့ ကဗျာမျိုးလည်းဖတ်ချင်တယ်ဗျာ။

ရတ်မန် said...

မာမီခေါက်ဆွဲကောင်းမှကောင်း အဲလေ....ယောင်လို့ ကဗျာကအရမ်းကောင်းတယ်လို့ပြော မလို့ပါ ၀ိုင်ဝိုင်း ပြောသလို စိတ်မဆိုးကြေး