Wednesday 30 January 2008

ပွေဆော်ဦး.....

ဖုန်တွေ ထလို့ ကောင်းတုန်း
မိုးတွေ တိမ်တွေ က
ညှို့ ချက်ပြင်းရော့ပါသလော့…..
လင်းအားတွေ ကြီးတုန်း
စင်းနေတဲ့ မျက်လုံးလေးက
ညဥ့်ဆုံးဆုံးချုပ်ခဲ့ပါသလော့…..
ပေါသွပ်ဖောရောင်နေတဲ့
ပြိုမယောင် ပြုံးမယောင်
ငါတစ်ကောင်တော့
ခြင်္သေ့ဖြစ်လိုက်
ကြွက်ဖြစ်လိုက်ပေါ့……
အဆီအသားတွေကြားက
နီနေတဲ့အစိုင်လေးက
အန္တရာယ်ကင်းဂါထာမန်းမှုတ်ပေးပါအုံး….
ဒီအသက်ငင် နေတဲ့
အပြုံးလေး အတွက်
ပွေဆော်ဦး အနမ်းလေး တော့ပေးပါရစေ….
ရဲရဲနီ နေတဲ့ အနာဖေးတွေ အတွက်
ငါမျက်ရည်ပိုတွေ ဆောင်ထားခဲ့တယ်လေ..
ဇောတွေကပ်နေတဲ့ကြည်လင်တဲ့နေ့ 
သို့ ပေမဲ့လည်း
ဖုန်တွေ ထလို့ ကောင်းတုန်း

မောင်နေ

3 comments:

Unknown said...

ငါတို့လည်း ဖုန်ထလို့ ကောင်းတုန်းပါပဲကွာ...။

စိုးထက် - Soe Htet ! said...

ရေလောင်းလိုက် ... :P

တင့်ထူးရွှေ said...

ဖုန်ထလို့ ကောင်းတုံး ...