Tuesday 18 March 2008

အဲဒီည....

ကံဆိုးရာ..မိုးတွေရွာတယ်
အညတြဘ၀မှာ
မိုးတွေကလည်း ရွာလွန်းတယ်ဗျာ..
သက်တန့် တွေ
ဆွတ်ပျံ့ စရာတွေ
မပါလာခဲ့ဘူး……..
စိုက်ခဲ့တဲပန်းတွေ ကြွေခဲ့ပြီ…
မမက်ဖူးတဲ့ အိပ်မက်တွေ
ခိုးခိုး မက်ခဲ့တယ်…..
ငါ့ အတွက်
တံခါးတွေ
မီးပြတိုက်တွေ
ပြတင်းပေါက်တွေ
ပျောက်ကွယ်ခဲ့တယ်….
ကြိုပွင့်မရှိတဲ့ ဘဝ
တောင်ပံတွေ လည်း
မတောင်းတမိတော့ပါဘူးလေ…
အမှတ်တရ လေးတွေနဲ့ 
ညတွေ တောက်ပခဲ့တယ်လေ….
ည အိပ်တော့
နှင်းတွေ ကြွေကြွေကျခဲ့တယ်….
မိုးတွေရွာပြီးရင်း
ရွာလွန်းတယ်ဗျာ….
ဒါပေမဲ့ 
ကျွှန်တော်…သူမကိုလွမ်းတယ်…
ကြယ်တွေအကုန်ကြွေကြခဲ့တယ်
ဗလာမဲ့..ကောင်းကင်ကြီးလေ
အရာရာထက်လှခဲ့ တယ်……အဲဒီညက….

မောင်နေ

1 comment:

တင့်ထူးရွှေ said...

အဲဒီ ည ကလဲ သူ့ကိုပဲ လွမ်းခဲ့တာပဲလား
တစ်ယောက်သော သူ သိနိုင် ကြားနိုင် ပါစေဗျာ