အရောင်လဲ့လဲ့တွေ
ငါ့ကိုများဖမ်းစားနိုင်သတဲ့လား
ခုတော့လည်း အခန့် သား
ကြယ်တွေလည်းတအိအိစီးဆင်း
နှုတ်ခမ်းတွေလည်းချိုပေါ့ကျဆိမ့်
ချစ်ခဲ့တဲ့ ရင်ခွင်တရှိုက်
နမ်းခဲ့တဲ့ ရင်ခွင်တရှိုက်
လွမ်းခဲ့တဲ့ ရင်ခွင်တရှိုက်
ဆေးတွေရောင်စုံဆိုးပြီး
အသက်မဲ့ခဲ့ပြီ ရင်ခွင်တရှိုက်
ခုတော့လည်း ငါအတွက်
ဟာသတရှိုက်လို့ ပေါ့
ချစ်ဦးသူရေ
သိလိုက်ပြီကွာ
ငါရင်ခွင် မသေရဲတက်သေးကြောင်း
ငါလေ ပြောခွင့်ရအုံးမယ်ဆိုရင်ပေါ့
အရောင်စုံရင်ခွင်တွေကြားမှာ
ငယ်ငယ်တုန်းက
လုပျိုလှည့် ရင်ခွင်တရှိုက်ကို
ချာချာလည်အောင်
လွမ်းနေမိပြီကွာ
မောင်နေ
Wednesday 11 June 2008
Subscribe to:
Post Comments (Atom)
2 comments:
အလွမ်းတွေကို ပြောခွင့်ရရှိနိုင်ပါစေ...
ဟေ့ ငမောင်နေ... ငါသိတယ်နော်... ရေးခဲ့ရမလား... ဟက်ဟက် :P
Post a Comment