Thursday 26 June 2008

တာလီချိုးသံနှင့်အတူ

သြော် ဘာလိုလိုနှင့် ရုရှမှာ ပညာသင်နေရတာ ၁ နှစ်ကျော်ကျော်တောင် ကြာခဲ့ပြီလေ။ မပူရုပ်နှင့် လူလုပ်ပြခဲ့ရတဲ့ အကြိမ်တွေလည်း မနည်းတော့ပါဘူး။ ဒီ ရောက်ရင် တော့အိမ်ကို တော့ကောင်းကောင်း ထောက်ပံ့ နိုင်မှာပဲ ဆိုတဲ့ အတွေးတွေ
ကလည်း တဖြည်းဖြည်း ပျောက်ကွယ်ခဲ့သည်။ ရုရှငွေနှင့် ဒေါ်လာ ငွေ လဲလှယ်ကြေး ကွာဟလာမှု ကြောင့် ကျွှန်တော့် အတွေးတွေ လုံးပါးပါး ခဲ့လေပြီ။တ ရစ်ရစ်တက်နေတဲ့ ကုန်ဈေးနှုန်း လည်း ပါတာပေါ့။အိမ်မှာ အဖေ မရှိတော့တဲ့ နောက်ပိုင်း ကိစ္စအ၀၀ ကိုအမေပဲ တာဝန်ယူဆောက်ရွက်ခဲ့သည်။ မိန်းမ တစ်ယောက်နှင့် မတန်အောင် အမေဘယ်လောက် ကြိုးစားလုပ်ခဲ့ တယ်ဆိုတာ သားအကြီးဆုံး ဖြစ် တဲ့ ကျွှန်တော် အသိဆုံး ပေါ့ အမေ။ကျွှန်တော် ဒေါ်လာစားဖြစ်ရင် တော့အမေကို လည်းပေး မယ် ညီမလေး ကိုလည်း တက္ကသိုလ် ပို့ ပေးမယ် လို့ ဟာသလိုလို ကျွှန်တော်ပြောရင်း ပျော်ခဲ့ရတယ်လေ။ ဒါပေမဲ့ ဒီရောက်တော့ အတွေးတွေ မှန်ကန်ဖို့  အကြောင်းအရာ မရှိခဲ့ ဘူးလေ။ကြိုးစားပြီး စုခဲ့တယ်။ဒါပေမဲ့ ထင်သလောက် အိမ်ကို မထောက်ပံ့ နိုင်ခဲ့ဘူး။ အမေ လည်းအသက်ကြီးပြီ လေ။ဘယ်လိုများ အမေ ရုန်းကန်နေ ပါလိမ့်။ငါ အကြီးပဲဆို တာခေါင်းထဲမှာ အမြဲရှိ ခဲ့ပေါ့ လမ်းလျှောက်တိုင်း လမ်းမပေါက် ခဲ့ ဘူးလေ။ အေးမြလှတဲ့ ဆောင်းရာသီ တစ်ခုမှာ ကျွှန်တော် ချွေးပေါက်ပေါက် ကျပြီး မျက်ရည် တောက်တောက်ကျခဲ့ တဲ့ နေတွေရှိခဲ့တယ်လေ။ တာလီချိုးသံတွေ နှင့် အတူပေါ့။
အဲဒီနေ့ တော့မှတ်မှတ်ရရ ရှိခဲ့တယ်လေ။ ရှေ့ လဖုန်းဆက်တုန်း ကအမေ ကို ပြောခဲ့တယ် နောက်လသားအဆင်ပြေရင် ညီမလေးဖို့ ကျောင်း စ ရိတ် ပို့ ပေးမယ် လို့ပြော ခဲ့သည်။ ဒါပေမဲ့ အကြောင်းကြောင်း မစုနိုင်ခဲ့ဘူး။ ဒီအချိန်ဆို အမေအိမ် ဘေးက ဖုန်း ဆိုင်လေးမှာ ကျွှန်တော်ကို မျော်နေမှာဆို တဲ့အသိနှင့် ဖုန်းခလုတ်ကိုနိုပ်လိုက်သည်။ တန်ဖိုးတွေ အရစ်ကျပေး နေရတဲ့ အချိန်တွေ နှင့် အတူ ပြောနေရတဲ့  ဖုန်းလှိုင်းကြားမှာ အမေ နှင့်ကျွှန်တော် စကားကြောမပြတ်ခဲ့ ဘူးလေ။တ မိနစ် တခါမှတ်နေတဲ့ တာလီချိုးသံ တွေနှင့် အတူပေါ့။
အမေကပြောတယ်။ ။သားနေကောင်း အောင်နေနော်။
ကျွှန်တော်က။ ။ဟုတ်ကဲ့ အမေ။
ဒါပေမဲ့ အမေရယ် တစုံတခုတော့ သားကိုမတောင်းဆို ပါနဲ့အုံးအမေ။ ရင်ထဲမှာပြောနေခဲ့တယ်။
အမေက။ ။သား ညီမလေး ၁၀ တန်းအောင် တယ် သိလား။
ကျွှန်တော်က။ ။ဟုတ်ကဲ့ အမေ။
ဒါပေမဲ့မပြောလိုက်ပါ နဲ့အုံး အမေ။ညီမလေး တာဝန်ကျေ သလို သားလည်းတာဝန်ကျေ ရစေ မှပေါ့။ ရင်ထဲမှာ ပြောနေခဲ့တယ်။
အမေက။ ။သား ဒီမှာ ဈေးတွေ အရမ်းတက်တာပဲ။
ကျွှန်တော်က။ ။ဟုတ်ကဲ့ အမေ။ သားဂျာနယ်တွေ ထဲမှာ ဖတ်ရပါတယ်။
အမေရဲ့  စကားသံတွေ ဟာ တခါတခါ ကျွှန်တော် အတွေးတွေကြောင့် လွတ် လွတ်ခဲ့တယ်။
အမေက။ ။သား ကိုယ်ကြောင့် သူများဒုက္ခ မရောက်စေနဲ့ နော်။အစဉ်သဖြင့် ရိုးသားနော်။
ကျွှန်တော်က။ ။ဟုတ်ကဲ့ အမေ။
ရင်ထဲမှာ စကားသံ တွေ ဗလောင်စီ နေပေမဲ့ ကျွှန်တော် ပြောမထွက်ခဲ့ဘူး။ငါ သားအကြီး ဖြစ်င်္ပြီး တာဝန်မကျေဘူး။ဒါပေမဲ့ သားလေ အမေကိုလည်း ချစ်တယ်။ညီမလေး ကို လည်းအရမ်းချစ် တယ်။ဘောဂဗလ မပြည့်စုံ မှုဟာ တခါတခါ ဘ၀ ကိုမုန်းတက် စေခဲ့တယ်။ နောက်ဆုံး ဖုန်းချခံနီး ….
အမေကပြောတယ်။ ။သား ..သားဘာပြောချင်နေတယ် ဆိုတာ အမေ သိပါတယ်သား။
သား မေ့နေပြီလား.. သားရင်ထဲက နုလုံးသားထဲမှာ အမေသွေးတွေ အပြည့်စီး နေတယ် ဆိုတာကို။ အမေ ဘာမှ မလိုပါဘူး။ဘာတွေပဲဖြစ်နေ ဖြစ်နေ သား….အမေလေ..ငါ့သားကို အရမ်းချစ်တယ်။
တာလီချိုးသံက၁၀ မိနစ်ပြည့် ပြီင်္ လေ။ဖုန်းက ကျသွားခဲ့ပြီလေ။ ဒါပေမဲ့ ကျွှန်တော်နဲ့ အမေ စကားကြော မပြတ်ခဲ့ဘူးလေ။ အဲဒီ နေ့ က တိမ်တွေ ကင်းစင်နေတာတောင် မိုး တွေ ရွာချခဲ့တယ်လေ။



မောင်နေ
သားဆီက ဘာဆိုဘာမှ မမျှော်လင့်ခဲ့တဲ့ အမေတိုင်း၏ စိတ်ကို မေ့နေသော ကျွှန်တော်၏ စိတ်ကို အပြစ်တင် ရင်း ဤစာ လေးဖြင့် ရှိခိုး တောင်းပန်ပါ၏။

Wednesday 11 June 2008

ရင်တရှိုက်

အရောင်လဲ့လဲ့တွေ
ငါ့ကိုများဖမ်းစားနိုင်သတဲ့လား
ခုတော့လည်း အခန့် သား
ကြယ်တွေလည်းတအိအိစီးဆင်း
နှုတ်ခမ်းတွေလည်းချိုပေါ့ကျဆိမ့်
ချစ်ခဲ့တဲ့ ရင်ခွင်တရှိုက်
နမ်းခဲ့တဲ့ ရင်ခွင်တရှိုက်
လွမ်းခဲ့တဲ့ ရင်ခွင်တရှိုက်
ဆေးတွေရောင်စုံဆိုးပြီး
အသက်မဲ့ခဲ့ပြီ ရင်ခွင်တရှိုက်
ခုတော့လည်း ငါအတွက်
ဟာသတရှိုက်လို့ ပေါ့
ချစ်ဦးသူရေ
သိလိုက်ပြီကွာ
ငါရင်ခွင် မသေရဲတက်သေးကြောင်း
ငါလေ ပြောခွင့်ရအုံးမယ်ဆိုရင်ပေါ့
အရောင်စုံရင်ခွင်တွေကြားမှာ
ငယ်ငယ်တုန်းက
လုပျိုလှည့် ရင်ခွင်တရှိုက်ကို
ချာချာလည်အောင်
လွမ်းနေမိပြီကွာ

မောင်နေ