Tuesday 11 December 2007

ထူအမ်းမနေတဲ့ လက်......

ဟိုမှာလည်း မင်းမြင်တယ်.
ဒီမှာလည်း မင်းမြင်တယ်.
တို့ လို့ တွဲလောင်း
ပြိုးလို့ ပြက်လို့ 
ဘာတွေမှ ဆင်မထားတဲ့
ငါ့ လက်ကလေး ကသေးတယ်..
ငါ့လက်ကလေးနဲ့ 
စည်းတွေနဲ့  ဘောင်ခတ်
မသဒ္ဓါရေစာတွေ
ထူအမ်းနေတဲ့
ပါးစပ်တွေလည်း
ဆုတ်မကိုင် ထားဘူး…..
ငါ့လက်ကလေးနဲ့ 
ပြိုးပြိုး ပြက်ပြက်
လူတိုင်းမက်တဲ့
မချိ မဆံ့တွေလည်း
ဆုတ်မကိုင် ထားဘူး…..
ငါ့လက်ကလေးနဲ့ 
မိုးကောင်းတုန်း ရေခံ
ရေသန့် ထုတ်နေတဲ့
ပြစ်နှစ်နှစ် တွေလည်း
ဆုတ်မကိုင်ထားဘူး…...
ငါ့လက်ကလေးနဲ့ 
မျက်ရည် ငွေ့ နဲ့ 
ပေါင်းခံထားတဲ့
လက်တွေလည်း
ဆုတ်မကိုင်ထားဘူး……
ငါ့လက်ကလေးနဲ့ 
ထူပြစ်ပြစ် အသံတွေနဲ့ 
ရခဲ့တဲ့ အဆီနှစ်တွေလည်း
ဆုတ်မကိုင်ထားဘူး….
မင်းယုံမယ် ဆိုရင်ပေါ့
ငါ့ရဲ့ 
ပြီးတော့
ငါ့တို့ ရဲ့ လက်တွေ
ဟာ……ကွာ…..
တကယ်ဆို
အတ္တတွေ ဖောက်ထုတ်လိုက်ဖို့ ကောင်းတယ်…..

မောင်နေ

1 comment:

တင့်ထူးရွှေ said...

ထူအမ်းမနေတဲ့ လက်သေးသေးလေး နဲ့
ချစ်သူကို ဘ၀တစ်လျှောက်လုံးတွဲခေါ်သွားပြီး
ကဗျာတွေ စာတွေ လဲ ရေးထွက်နိုင်ပါစေ သူငယ်ချင်း