Thursday 10 July 2008

လေနှင့်အတူ ခိုးထွက်မိစဉ်

လက်ဆွဲနှုတ်ဆက်မိတာ
အလွမ်းတွေပဲလားဗျာ
ခြေသံလုံလုံလေး
ရင်ထဲက အနမ်းတွေ
မင်းဆီအရောက်
ပျံသန်းခဲ့ပါရစေ
မှုန်ပြပြလေးပေမဲ့
မင်းအတွက်
အစွမ်းကုန် ထွန်းလင်းပါရစေ
ဟောဒီ ရှု့ မဆုံးတဲ့
နွေဦးလှနေပုံများ
မင်းသာအနားရှိရင်
ကဗျာတွေ သီကျူးနေမိမှာပေါ့
တစ်နဲ့သုညပဲရှိတဲ့နေ့ညတွေ
လှောင်အိမ်ထဲကတောင်ပံကျိုးငှက်တွေ
အလဲထိုးခံခဲ့ရတဲ့အနံစူးစူးလရောင်တွေ
ခံစားချက်မဲ့အေးစက်စက်မျက်ဝန်းတွေ
ချိုးကပ်နံထွက်နေတဲ့မျှော်လင့်ချက်အိပ်မက်တွေ
တိုးတိုးလေး ခိုးထွက်ပြီး
လေနှင့်အတူ
ငါ့ဝိညာဉ်လေ
မင်းရဲ့ ရင်ခွင်မှာ
တိတ်တိတ်လေး ဆိတ်ဆိတ်လေး
ဖူးပွင့်ပါရစေလား

မောင်နေ

9 comments:

ကိုရင်ညိန်း said...

ကဗျာတွေ သီကျူးနေမိမှာပေါ့
တစ်နဲ့သုညပဲရှိတဲ့နေ့ညတွေ
လှောင်အိမ်ထဲကတောင်ပံချိုးငှက်တွေ
အလဲထိုးခံခဲ့ရတဲ့အနံစူးစူးလရောင်တွေ
ခံစားချက်မဲ့အေးစက်စက်မျက်ဝန်းတွေ
ချိုးကပ်နံထွက်နေတဲ့မျှော်လင့်ချက်အိမ်မက်တွေ
တိုးတိုးလေး ခိုးထွက်ပြီး
လေနှင့်အတူ
ငါ့ဝိညာဉ်လေ

အဲဒီအပိုဒ်ကို ကြိုက်တယ်ဗျာ ။ အရေးကတော့သွက်ပါ့ဗျာ ။

ချစ်သံစဉ် said...
This comment has been removed by the author.
ein said...

လက်ဆွဲနှုတ်ဆက်မိတာ အလွမ်းတွေပဲလားတဲ့ ကောင်းတယ် အဲစကားလုံးလေး...
သုညနေ့တွေ ပျောက်ပြီး တစ်ဆိုတဲ့နေ့ညတွေပဲ ပိုင်ဆိုင်ရရှိပါစေရှင်...

၀ဿန်ဦး said...

ကဗျာတွေ လက်သွက်နေပုံရရင် သွေးရိုးသားရိုးတော့ မဟုတ်ဘူး ထင်ပါ့ :P

ညိမ်းညို said...

မောင်နေရေ ကဗျာပြန်ရေးတာတွေ့ရလို့ တအားဝမ်းသာမိပေါ့ဗျာ..။
အမြဲတမ်းမျှော်လင့်နေရသူကြီးဟာ ကျနော်ပါ

မောင်နေကဗျာတွေအတွက် အမြဲတမ်းမျှော်လင့်နေရသူကြီး
ညိမ်းညို

ရတ်မန် said...

ကောင်းတယ်ဟေ့ ကဗျာက အားပေးနေပါတယ်

မင်းကျန်စစ်။ said...

ခိုးထွက်တာတော့ ထွက်ပေါ့ တာဝန်မှုးနဲ့ တွေ့ရင် ကွိနေအုံးမယ် :D

mgngal said...

ဟေ့လူ မဟုတ်တာတွေမလုပ်နဲ့ နော် ။:P

Unknown said...

ချိုးကပ်နံ့ထွက်နေတဲ့ မျော်လင့်ခြင်း အိပ်မက်မျိုးတော့ ခံစားဖူးဘူးဗျ... ဘယ်လိုလေးလဲ... အဟတ်ဟတ်... စကားလုံးအသုံးလေးတွေ အရမ်းသွက်တယ်ဗျာ...