Tuesday, 27 November 2007

လေဘယ်..

ဈေးမကြီးတဲ့
အလှတရား အတွက်ပေါ့….
ဈေးမခေါ်လို့ 
ဈေးမကြီးတာ
တန်ဖိုးမဲ့ သတဲ့လား….
အမြီးရှည်မှ
တန်ဖိုးရှိ သတဲ့လား…
မင်းဈေးဖြတ် ခံရတာ
မင်းအတွက် အားဆို
ဈေးဆို တာအတက်အကျ နဲ့ နော်…..
လုပ်ခွင့်ရတိုင်း
ဂုဏ်ယူစရာ ဗလာပွနဲ့ 
ဂုဏ်ယူနေတဲ့
လေဘယ်ကပ်ခံ တွေအတွက်
ရိုးသားတဲ့
ဈေးမဲ့ အလှတရားလေး ရေ……
မင်းအားငယ်နေ သလား
မင်းအသံထွက် ရယ်လိုက်စမ်း..ဟ…
ဂုဏ်ယူစရာ တွေနဲ့ 
မေတ္တာခေါင်ရပ်ဝန်း မှာ
မိုးတွေ ဈေးမဲ့နေတာ
သိရက်နဲ့ ….သိရက်နဲ့ …..
ချစ်တက်တဲ့ လောကကြီးရေ…
မုန်းတက်တဲ့ လောကကြီးရေ…
ပြုံးတက်တဲ့ လောကကြီးရေ…
မဲ့တက်တဲ့ လောကကြီးရေ……
ရင်ထဲ ကအသံနဲ့  အတူ
ကြာညိုနံတွေ ထုံအိသင်းစေချင်တယ်..ကွာ…
ဈေးမကြီး တဲ့
အလှတရား အတွက်ပေါ့…….

မောင်နေ

Friday, 26 October 2007

ပြောပြော…..

၂၄နာရီမပြည့် တဲ့
နေ့ တွေထဲ သူတို့ 
နေရာယူထားတယ်…..
လူစောဖြစ် လို့ 
လူစွာလုပ်ရင်
အသက်မဲ့ ဟုတ် တစ်ခု
ချီးမြှင့်စေ မပေါ့……
လေယာဉ်စီး လည်း
ခရီးသည်ပဲ……..
ထော်လာဂျီစီး လည်း
ခရီးသည်ပဲ……..
နာမ၀ိသေသန နဲ့ 
နေရာမယူနဲ့ …..
ဝေစရာရှိရင်
အမြင်ကတ်အောင် ဝေပြပြီး
ကြွေကြမှ အမှိုက်လှဲဖို့ 
မပြင်းနဲ့ ……….
အားမသန်လို့  လက်ကမ်းခဲ့တာ
သူတို့ လက်တွေက
နာမည်ခံ ထင်ပေါ်ပြီး
မရောင်ရာ ဆီးလူးတယ်ကွာ…
လူကို လူလို့ မမြင်ပြီး
မင်းလူသိ တာ
မကောင်းတက်လို့ 
ဂုဏ်ယူတယ်………
မင်းတက်မှန်း ငါသိတယ်
ငါသိချင်တာ
မင်းဘယ်လောက် ပေးဝေနိုင်မလဲ….
ပြောတိုင်းသာ စကားဖြစ်ရင်
ငါ့ နားဆံ့ဖို့ 
မြို့ သစ်ဆောက်အုံးမည်………….

မောင်နေ

Saturday, 8 September 2007

မွှေးတဲ့ပန်း...

လှိုင်လှိုင် ကြွေတဲ့
ပန်းတွေ ကြားထဲ
မင်းရဲ့ အပြုံးရိပ်များ
စိုးမိုး နေလေသလား…..
ပြုံးပြုံး နေတဲ့
ဆူးခက်တွေ ကြားထဲ
မင်းရဲ့ အလှများ
သိုဝှက် နေလေသလား….
ပြုံး..ပ..စေ…လှ..ပ..စေ..
ဆူးတွေလည်း ဝေနေပစေပေါ့…
လုံးလုံး မသိခဲ့
ရှုံးရှုံး ခဲ့တဲ့ အရှုံးတွေ
ဆူးခက် တွေကြား
ကြွေပန်း တွေကြား
မျက်ရည် သောက်ပြီး
မွှေးမွှေး နေပြီလေ…….
အရှုံးပန်း တွေပွင့်လန်း
ပင်လုံးကျွတ် လှိုင်စေတော့ မှ…..
အဆီအစ်နေတဲ့
ငအောင် ကို ကြွားမှာပေါ့….
ထိုအခါ
လေပြေညှင်းက
မျက်နှာလွဲနေရော့မယ်မထင်…..

မောင်နေ

Thursday, 30 August 2007

အမော ဖောက်မိစဉ်........

အနေမနီးတဲ့ အတွေးတွေကို
ယောက္ခမ မသိအောင်
ခိုးပြေးဖို့  ကြိုးစားဖူးတယ်…..
နေ့ ပြန်တိုးက များလေတော့
ကြုံရာ ကျပမ်း ပေါ့….
ကြိုပွိုင့်များတဲ့ ဘဝ
ရှာလည်း လိုနေမှာပဲ……
ရင်ခုန်စရာ လား….
နေရာအနှံ လည်းသေခဲ့ ဖူးတယ်..
သချိုင်းအနှံ လည်းရွေးခဲ့ ဖူးတယ်….
လမ်းလျှောက်ရင်း လမ်းမပျောက်အောင်
အခက်အခဲဆီက ….
မီးတစ်တို့  လောက် ခင်ဗျာ…..
ခင်ဗျား……….နားအုံး……
အားပေးစကား ပြောခဲ့တယ်……
သတင်းမှာ
ကိုယ်အားကိုယ်ကိုး ပါတာများလို့ 
နားဝင်မှာ ချို၊ချဉ်၊ဖန်၊ခါး
ရသာစုံ နေပြီ။
အတွေးတွေကို အမောဖောက်လို့ 
ခွဲစိတ်ဖို့ မေ့ဆေးပေးဖူးတယ်…….
ရလဒ်နဲ့ တန်ဖိုးမဖြတ်တက်အောင်
ဆရာတော် သင်ပေးခဲ့တယ်……
တန်ဖိုးဖြတ်လို့ ရရင်ဈေးမကြီးဘူးလို့ 
မှတ်တယ်……
ကိုယ်မှန် ရင်ရအောင်ငြင်းတယ်
ကြိမ်ပေးလို့  တန်အောင်
အော်ငို တယ်…….
မျက်ရည်မထွက် တက်အောင်
သင်တယ်……
လူစုံရင် သိတာအကုန်ပြောမယ်…
ပန်းတိုင် သိလည်း
ကားခတက် လို့ ……..
လမ်းလျှောက်နေတယ်
ရောက်မှန်းသိလည်း ကြာနေဆဲလေ……………

မောင်နေ


Saturday, 25 August 2007

ရင်ဝှက်စကား............

နံနက်ခင်း အလှကို
မင်းတို့ ရဲ့ အနမ်းနှင့်အတူ
နိုးထ ချင်ပါသေးတယ်…..
နေ့ စဉ်နှင့် အမျှ
လွမ်းမိပါတယ်…..
ငါတို့ တွေ
ရိုးသားဆဲ
ကြိုးစားဆဲ ဆိုတာ
မင်းသူတို့ ကိုပြောပြပေးပါလေ…….
ငါ့ ရဲ့ 
ကြမ်းတမ်းတဲ့လက်တွေ နဲ့ ထွေးပွေ့ မခံနိုင်ရင်
မင်းက သူတို့ ကိုပိုမိုထွေးပွေ့ ပေးပါလေ…..
သူတို့ ကိုအစဉ် နွေးထွေးစေချင်ပါတယ်…….
ခေါင်းလောင်းသံ သာသာတွေက
သူတို့ အတွက် လမ်းပြသံတွေ
ဖြစ်နေအောင် မင်းလုပ်ပေးပါလေ…..
သနပ်ခါးလေးနဲ့  ရောင်ရဲ့ တက်တဲ့
မင်းရဲ့ အေးမြတဲ့အလှကို
သူတို့ လေးတွေ အတုယူတက်ပါစေ…..
မမှန်တဲ့နည်း နဲ့ အောင်မြင်ခြင်းထက်
မှန်မှန်ကန်ကန် ရှုံးနိမ့်တက်ခြင်းဟာ
သူတို့ အတွက် ဂုဏ်ယူဖွယ်ဖြစ်ပါစေ…..
နံနက်ခင်း တိုင်းမှာ
ကျေးငှက်တေးသံ တွေနဲ့ အတူ
သူတို့ လေးတွေ နိုးထပါစေ…….
ညတိုင်းက လည်း
မင်းအသံ ည၀င်ပုံပြင်တွေနဲ့ အတူ
အိမ်မက်လှလှ လေးတွေမက်ပါစေလေ…..
သူတို့ လေးတွေ
ပျော်ပျော် နေပါစေ
ဒါပေမဲ့ ပေါ့ပေါ့တန်တန် မနေအောင်
မင်းက သင်ကြားပေးပါလေ…….
ရာထူး၊စည်းစိမ်၊အာဏာ တွေက
မင်းရဲ့ မေတ္တာရိပ်လောက်
မပြည့်စုံ ဘူးဆိုတာ
သူတို့ လေးတွေ သိနေပါစေလေ……
ငါရဲ့ 
တအိအိ ပြိုကျလာတဲ့
အလွမ်း မျက်ရည်တွေ
လွင့်စင်သွားတဲ့ တစ်နေ့ 
မင်းတို့ ကို ထွေးပွေ့ ထားချင်ပါသေးတယ်…..
ကမ္ဘာကြီး ရပ်တန့် သွားတဲ့ အထိ………………..

မောင်နေ

Tuesday, 21 August 2007

တာလီချိုး သံနဲ့ အတူ....

တန်ဖိုးရှိတဲ့ အချိန်တွေနဲ့ 
လှုပ်ရှားတဲ့ လှိုင်းတွေကြားထဲ
အမေ နဲ့ သား
စကား မပြတ်ခဲ့ဘူး။
တာလီချိုးသံ တွေနဲ့ အတူ
အမေက…သား…
ကျန်းမာအောင် နေနော်…..
လက် တံတွေးဆွတ်သံနဲ့ အတူ
အမေက…သား…
ညီလေး ၁၀တန်း အောင်တယ်လေ…..
အဖြေ ကြိုဖြေခွင့်ရရင်ပေါ့။
ဟုတ်ကဲ့…ကြိုးစားနေပါတယ်…..
ညီလေး တာဝန်ကျေသလို
သားလည်း ကျေစေ မ ပေါ့။
ဒါပေမဲ့…မပြောလိုက်ပါနဲ့ အုံး..အမေ…
တန်ဖိုးတွက်သံ တွေနဲ့ အတူ
အမေက…သား…
ဒီမှာ ဈေးတွေ အရမ်းတက်တာပဲ…
ဟုတ်ကဲ့…သားဖတ်ရပါတယ်။
အမေ..သားကိုယုံ ပါနော်။
ဒါပေမဲ့…မပြောလိုက်ပါနဲ့ အုံး…အမေ..
တစ်ရစ်ရစ် တက်သံ တွေနဲ့ အတူ
အမေက…သား..
ကိုယ်ကြောင့် သူများဒုက္ခမရောက်စေနဲ့ နော်….
ဟုတ်ကဲ့…သားမှတ်ထား ပ မယ်…
ဒါပေမဲ့…မပြောလိုက်ပါနဲ့ အုံး…အမေ..
အလန်းပေး နာရီသံနဲ့  အတူ
သားက…အမေ….
အမေ…သား….သား….
ချစ်တယ်..အမေ…….
တန်ဖိုးရှိတဲ့ အချိန်တွေနဲ့ 
လှိုင်းတွေ ငြိမ်သက်သွားသည် အထိ
အမေနဲ့ သား
စကား မပြတ်ခဲ့ဘူး။

မောင်နေ


Sunday, 19 August 2007

မိသားစု.....

ငါးယောက် ရှိတယ်။
နှစ်ယောက် လဲတော့
သုံးယောက် ထူတယ်။
တစ်ယောက် မှာ မိုး
တစ်ယောက် မှာ ဆောင်း
တစ်ယောက် မှာ နွေ
ဝေးသထက် ဝေးကြ…….
လူတိုင်းလျှောက်တဲ့ လမ်းကို လျှောက်တယ်။
ဖြောင့်ဖြူး မနေပေမဲ့
တစ်ယောက်လဲလျှင် တစ်ယောက်ထူ
ဂန္တ၀င်ဆန်တဲ့ အလွမ်းတွေမပါဘူး
ပြောပြရင် အင်းအင်း ပဲလုပ်ကြမယ်။
ပြောမနေနဲ့  ငါတို့ လည်းလူပဲ
မျက်ရည်တွေ ခန်းတာကြာပြီ။
စမ်း..စမ်း..လှမ်းခဲ့တာ….
အသံလှိုင်းတွေ ဖွင့်ထားရင်
ငါတို့ အိမ် ရောက်ပြီပေါ့ ….
တစ်ယောက်က အမိုးဆို
တစ်ယောက်က အကာပေါ့
ပျဉ်တွေစေ့
့မနေတဲ့ အခင်းက
ငါ………….ပေါ့……………….
လွမ်းချင်း မစပ်သလို
လွမ်းတေး လည်း မဆိုဘူး။
ပြောမနေနဲ့  သိတယ်
သူပန်းရင် ငါလဲမယ်။
တစ်ယောက်ပေး တဲ့အသိ
နှစ်ယောက် လျှောက်တယ်။
မှားရင်ပြင်မယ် နောက်မကျ သရွေ့ 
အရောင်တွေ တောက်
အသံတွေ သာ
အသိတွေ မြင့် လည်း
အိမ်ကို မမေ့ဘူး။
လေပြင်းတွေ တိုက်
မိုးတွေ ခြိမ်း
ကမ်းတွေ ပြို လည်း
အိမ်ကို မမေ့ဘူး။
တစ်နေ့ ………
မိုးလေ၀သကောင်း လို့ 
ရာသီမပြောင်းတဲ့ အချိန်
ငါတို့ ယာမှာအသီးတွေ လှိုင်စေမပေါ့………

မောင်နေ